Myanmar Professional

Hypnotists Association

Membership

Empowering Minds. Transforming Lives.

MPHA Membership ဘာ့ကြောင့် ဖြစ်ပေါ်လာရသလဲ?

၂၀၂၃ခုနှစ်ကုန်လောက်အထိ ကျွန်တော်ဟာ Hypnosis & Hypnotherapy ကို သင်ကြားမျှဝေခြင်း၊ ကုသ ခြင်းများလောက်သာ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တစ်ဦးတည်း၏ အင်အားနှင့် ကြိုးစားခြင်းထက် အခြားပုဂ္ဂိုလ်များ၏ ပူးပေါင်းအင်အားဖြင့် ကြိုးစားခြင်းဟာ အများအတွက် ပိုမို ထိရောက်မှုရှိတာကြောင့် ပိုမိုဦးစားပေးဖြစ်လာပါသည်။ သင်တန်းဆင်း ပုဂ္ဂိုလ်များအား အခြားလူများအား ဆက်လက်ကူညီနိုင်ရေး၊ ဆက်လက်တိုးတက် ဖွံ့ဖြိုးရေး၊ အတူတကွ ပိုမိုတိုးတက်သော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရေး၊ အခက်အခဲကာလ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ကူညီပံ့ပိုးနိုင်ရေးများကို ဦးစားပေးဖြစ်လာပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်လောက်ကတည်းကစတင်ကာ MPHAအတွင်း စနစ်ချခြင်းများကို ပြုလုပ်ခဲ့ပြီး ၂၀၂၅ခုနှစ် မေလတွင် MPHA Membership Community အား စတင် အသက်သွင်းနေပါသည်။ ကျွန်တော်ယုံကြည်တာက

  1. တိုးတက်မှုခရီးစဉ်ဆိုတာ တစ်ဦးတစ်ယောက်တည်း သွားလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။
  2. အသိပညာတစ်ခုတည်းနှင့်လည်း အရာရာမှာ မလုံလောက် မပြည့်စုံပါဘူး။
  3. တစ်ဦးတစ်ယောက်တည်း သီးခြားနေခြင်းထက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းနှင့်နေခြင်းက ပိုပြီး စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွေမှာ တိုးတက်မှု များပါ တယ်။
  4. ကောင်းမွန်သော စနစ်အတွင်းရှိနေခြင်းက အောင်မြင်မှုလမ်းကြောင်းကို ပိုမိုလျင်မြန်စွာဖြင့် လျှောက်လှမ်းနိုင်ပါတယ်။
  5. တိုးတက်ဖို့အတွက် သင့်လျော်တဲ့ အထောက်အပံ့ကောင်းတွေဆိုတာ လိုအပ်ပါတယ်။
  6. ကောင်းမွန်တဲ့လူတွေနဲ့ အတူရှိနေခြင်းက တိုးတက်မှုကို မြန်ဆန်စေပါတယ်။
  7. အောင်မြင်မှုအတွက် လျှို့ဝှက်ချက်က တာဝန်ခံခြင်းပါပဲ။
  8. လေ့လာသင်ယူခြင်းက စဉ်ဆက်မပြတ်ပြုလုပ်နေရမှာ ဖြစ်ပါတယ်။
  9. လူတွေနဲ့ ပိုသိလာလေလေ အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာလေလေပဲ ဖြစ်ပါတယ်။
  10. အားပေးထောက်ခံတဲ့ အပြုသဘောဆောင် လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေခြင်းက မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်ကူးဥာဏ်များ ပိုမိုတိုးတက်ကောင်းမွန်လာပါတယ်။

 

MPHA Community ၏ Member တစ်ဦး ဖြစ်လာမယ်ဆိုရင် သင်ဟာ သင်တစ်ဦးတည်း မဟုတ်တော့ ပါဘူး။ သင်ဟာ

  • စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးမှုတွေကို လိုအပ်နေတဲ့အချိန်မှာ ရရှိလာမှာ ဖြစ်ပါတယ်။
  • သင်ဟာ သင့်လမ်းကြောင်းအပေါ်မှာ အမြဲရှိနေဖို့ကို MPHA က တွန်းအားပေးနေမှာပါ။
  • ကူညီပံ့ပိုးပေးမှုတွေ၊ နည်းစနစ်တွေက သင့်ကို လျင်မြန်စွာ တိုးတက်လာစေမှာပါ။
  • စဉ်ဆက်မပြတ် လေ့လာလို့ရသည့် အဖွဲ့အစည်းအတွင်းမှာရောက်ရှိနေတာဖြစ်လို့ ပိုမိုတိုးတက် ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။
  • ကောင်းမွန်တဲ့ လူတွေနှင့် ပူးပေါင်းပါဝင်ခွင့် ရရှိလာမှာဖြစ်ပါတယ်။
  • စိတ်ကူးစိတ်သန်းများ တိုးတက်ကွန့်မြူးလာပြီး သင့်ကိုယ်သင် ယုံကြည်မှုတွေ၊ စိတ်ချမှုတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

 

MPHAနှင့် ပူးပေါင်းပါဝင်ခြင်းဟာ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဖြစ်လာသည်သာမကပဲ စိတ်တူကိုယ်တူ ဖြစ်သည့် Professional များနှင့် မိသားစုဝင် ဖြစ်လာမှာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပူးပေါင်းကူညီကြခြင်းဖြင့် ကိုယ်စီကိုယ်စီ အောင်မြင်မှုတွေကို အရောက်လှမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။

အကယ်၍များ အပြောင်းအလဲတော့ အရမ်းလုပ်ချင်နေတယ် ဘာလုပ်လို့ လုပ်ရမှန်းမသိလျှင်၊ ဘယ်ကနေ စပြောင်းလို့ ပြောင်းရမယ်မှန်းမသိလျှင်၊ လမ်းပြကူညီပေးဖို့ လူမရှိတဲ့လျှင်၊ ကိုယ်ဟာ တစ်နေရာရာမှာ ပိတ်မိနေပြီလို့ ခံစားနေရလျှင်၊ ကိုယ့်စိတ်ကိုယ် အကောင်းဆုံးတော့ အသုံးချချင်ခဲ့လျှင် MPHA ရဲ့ Community ဟာ သင့်အတွက် ဖြစ်ပါလိမ့်မယ်။ သင့်အတွက် လိုအပ်တဲ့ Professional တွေ၊ လူတွေ၊ သင်တန်းတွေ၊ စာအုပ်စာတမ်းတွေ၊ လေ့လာတွေ့ရှိမှုတွေ၊ Audio & Video Recording တွေ၊ Meet Up, Workshop, Case Study, Seminar, Hypnotherapy, Coaching, Mentoring, Consulting & Empowering Sessions တွေနဲ့ တစ်နှစ်ပတ်လုံး သင်နှင့်အတူ ကျွန်တော်တို့ ရှိနေမှာပါ။

ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်လာဖို့အတွက် MPHA Membershipဟာ ပေါင်းကူးတံတားသဖွယ် ကူညီ ပေးပါလိမ့်မယ်။ အခု သင့်အနေနဲ့ အခွင့်အလမ်းတွေကို သိရှိလာပြီး ဖြစ်ပါတယ်။ အခွင့်အလမ်း တွေကို အမိအရဆုပ်ကိုင်ပြီး Transformationအဖြစ် ပြောင်းလဲဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ မျှော်လင့် မိပါတယ်။

သင့်ဘဝ နောက်တဆင့်တိုးတက်ဖို့အတွက် MPHA Membershipမှာ ဘာ့ကြောင့် ပါဝင်သင့်တာလဲ?

MPHA ၏ အဖွဲ့ဝင်ဖြစ်လာပါက သင်ဟာ တစ်ယောက်တည်းဖြစ်နေတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တဖွဲ့လုံး အတူရှိနေပါပြီ။ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သင်ဟာ

  1. တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ပြုလုပ်သည့် Therapy, Coaching, Mentoring, Consulting & Empowering Sessions တွေကို ရရှိလာမှာဖြစ်ပြီး သင့်ရဲ့ စိန်ခေါ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများအား အတူတကွ ဖြေရှင်းလာနိုင်မှာ ဖြစ်ပါ တယ်။
  2. သင့်ဘဝ ယခုထက်ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ အထူးသီးသန့်ပြုလုပ်တဲ့ သင်တန်းတွေ၊ Seminar တွေ၊ Workshop တွေ၊ Meet Upတွေ၊ Sharing Sessions တွေနဲ့ စာအုပ်တွေကို လေ့လာခွင့်ရ မှာဖြစ်ပါတယ်။
  3. အပြုသဘောဆောင်ပြီး အချင်းချင်း အားပေးကူညီပေးကြမည့် Community အတွင်းမှာ ရှိနေမှာ ဖြစ်တဲ့အတွက် Network ကောင်းတွေ၊ မိတ်ဆွေကောင်းတွေ ရရှိပိုင်ဆိုင်လာမှာဖြစ်ပြီး သင့်ဘဝ ကို ပိုမိုတိုးတက် ပြည့်စုံစေလာမှာ ဖြစ်ပါတယ်။
  4. MPHAမှာ International အဆင့်မီ လေ့ကျင့်သင်ကြားထားသော Hypnosis, Hypnotherapy, NLP, Time Line Therapy, CBT & Coaching ပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များ ရှိသောကြောင့် အကူ အညီလိုအပ်လာပါက အချင်းချင်းအနေဖြင့် အထူးလျော့ဈေးများဖြင့် အသင့် ရှိနေကြမှာ ဖြစ်ပါ တယ်။


MPHA Membership ကနေ ရလာမယ့် အရာတွေကို သိမြင်သွားပြီဆိုတော့ သင့်လိုအပ်ချက်နှင့် ကိုက်ညီ သည့် Membership တွေကို ရှာဖွေနိုင်ရန်အတွက် Membership များအကြောင်းကို အသေးစိတ် ဖော်ပြ ပါမယ်။

  1. Silver Membership – (၁) သိန်းကျပ် (၁)နှစ်စာ
  2. Gold Membership – (၃) သိန်းကျပ် (၁)နှစ်စာ
  3. Platinum Membership – (၆) သိန်းကျပ် (၁)နှစ်စာ

ဆိုပြီး Membership များအား လူတိုင်းပါဝင်နိုင်အောင် (၃)ပိုင်း ခွဲထားပါသည်။ ဇွန်လအကုန်အထိ အထက်ပါ Membership များအားလုံးကို တဝက်တိတိ လျော့ချပေးထားပါမည်။ အောက်ပါဇယား ကွက်တွင် ရရှိမည့် အကျိုးခံစားခွင့်များအား အသေးစိတ်ဖော်ပြပေးထားပါသည်။

TitleSilverGoldPlatinum
Training1.The Power of your Subconscious Mind
2. Mind Mastery
3. Inner Influence
4. Zoom Live Training Reseat – 40 % off (Unlimited)
5. Advanced Hypnosis – 30 % off
6. Certified Hypnotist – 15% off
7. All Short Course – 20% off
1.The Power of your Subconscious Mind
2. Mind Mastery
3. Inner Influence
4. Advanced Hypnosis
5. Zoom Live Training Reseat – 50 % off (Unlimited)
6. Certified Hypnotist – 30% off
7. Master Hypnotherapist -15% Off
8. All Short Course – 50% off
9. Limited Training Access with 20% off
1.The Power of your Subconscious Mind
2. Mind Mastery
3. Inner Influence
4. Advanced Hypnosis
5. Certified Hypnotist (Recording Class)
6. Reseat Certified Hypnotist Live – 60% off
7. Zoom Live Training Reseat – 70 % off (Unlimited)
8. Master Hypnotherapist -40% Off
9. Hypnotherapy Trainer – 25% off
10. All Short Course – Free
11. CBT Rec Class - Free
12. Limited Training Access with 50% off
Meet Up (Goal Setting, Coaching & Hypnotherapy)3 Sessions/ Year (Group Session)6 Sessions/ Year (Group)
1 Session/ Year (One-on-One)
12 Sessions/ Year (Group)
3 Session/ Year (One-on-One)
E-books, Books and Sharing Materials Limited Access & 10% off for BooksAccess to More & 20% off for Books Access to All & 30% off for Books
Private Hypnotherapy Sessions
(Optional)
30% off with Certified Hypnotist
15% off with Master Hypnotherapist
10% off with Soe Lin Tun
50% off with Certified Hypnotist
25% off with Master Hypnotherapist
15% off with Soe Lin Tun
30% off with Soe Lin Tun
Seminar, Workshops, Events & CeremonyAccess to All (Some – Discount)Access to All (Some – More Discount)Access to All - Free
Referral Incentive Silver = 5 Members (Promote to Gold)
Gold = 2 Members (Promote to Gold)
Platinum = 1 Member (Promote to Gold)
Silver = 8 Members (Promote to Platinum)
Gold = 3 Members (Promote to Platinum)
Platinum = 2 Members (Promote to Platinum)
Silver = 8 Members (Next Year Free)
Gold = 3 Members (Next Year Free)
Platinum = 2 Members (Next Year Free)

All memberships are valid for one year from the date of registration. Annual renewal is required to maintain membership status.

Membership ဝင်ရန်အတွက် Membership Registration Form, Policy, Terms & Conditions, Sample Membership Certificate & Membership ID Card များကို အောက်ပါ Link တွင် သွားရောက်Download ပြုလုပ် နိုင်ပါသည်။